Powered By

Free XML Skins for Blogger

Powered by Blogger



ငါ့အတွက်ဆိုလျှင်


ဧဒင်ဥယျာဉ်ထဲက

ပန်းသီးတစ်စိတ်လဲ မင်းခိုးပေးစရာမလိုဘူး။ ။



ငါ့ဖို့ဆိုလျှင်

သံယောဇဉ်မကင်းတဲ့အကြည့်တွေလဲ

မင်းဖန်တီးပေးစရာမလိုဘူး။ ။



ကုန်ကုန်ပြောမယ်

ငါ့ကိုလွှတ်ချပစ်ခဲ့တဲ့ အဲ့ဒီ့နေရာကိုလဲ

မင်း.... ပြန်လာပေးစရာမလိုဘူး ။ ။



ငါရပ်တည်ရာ အသိုင်းအ၀ိုင်းတစ်ခုလုံးကို

ပြက္ခဒိန်တစ်ခုစာ ခေါင်းငုံ့နေရတာ

စောင့်နေပေးပါ ပြောပြီး ပျောက်သွားတဲ့မင်း

ဘယ်ကိုယ်ချင်းစာတတ်ပါ့မလဲ ။ ။



လွဲနေမှန်းသိခွင့်ရမှ

ငါ့ရင်ထဲက အချစ်တွေနွံနစ်နေတာ

ဆယ်ယူမှာမဟုတ်တော့တဲ့...မင်း

ဘယ်သိပါတော့မလဲ ။ ။



မင်းပဲမှန်သလား.....

ငါပဲမှားသလား...

အချစ်ကပဲ နတ်ဆိုးဝင်ပူးခံရတာလား...

ငါ့ရင်ဘတ်ထဲမှာတော့ ကိုက်ခဲပြီးကျန်ခဲ့တယ် ။ ။



နောင်တ ဆိုတဲ့စကားကို

အရှက်ပြေရွတ်ကြည့်မိတဲ့အခါ

ပြင်ဆင်ခွင့်မရှိတဲ့

ငါ့ရဲ့အချစ်ကိုပဲ

ကြိုးတုပ်ရိုက်ပစ်ချင်မိတော့တယ် ။ ။


လွမ်းတယ် ဆိုတဲ့စကားကို

တိုက်ဆိုင်လို့ ရွတ်ကြည့်မိတဲ့အခါ

အချိန်နာရီမသိတဲ့

ငါ့ရဲ့အချစ်ကိုပဲ

ကျိန်ဆဲပစ်ချင်တော့တယ် ။ ။



ချစ်တယ် ဆိုတဲ့စကားကို

အလန့်တကြား ရွတ်ကြည့်မိတဲ့အခါ

အမှတ်မရှိတဲ့

ငါ့ရဲ့အချစ်ကို

ငါဟာ..အယူတိမ်းတဲ့

နတ်စိမ်းတစ်ကောင်ဖြစ်ကြောင်း

ဖြောင့်ချက်ပေးလိုက်တော့တယ် ။ ။

 Su The Phyu

ဆက်ဖတ်ချင်ရင်...