Powered By

Free XML Skins for Blogger

Powered by Blogger

တစ်ချိန်က...
ကြယ်တစ်ပွင့်ချင်းစီရဲ့ ရှင်းတမ်းမှာ
ဘယ်ဟာ ခုနှစ်စင်ကြယ်ပါလို့
သူက စိတ်မရှည်လက်မရှည် ရှင်းပြဖူးတယ်။ ။


ညစ်တူးတူး ကိုယ်က
ကြယ်စဉ်တိုင်းပေါင်းရေ
ခုနှစ်စင်းမကကြောင်း.... ဥာဏ်များခဲ့ဖူးတယ်။ ။

သိပ်မကြာခင်က.....
လတစ်စင်းရဲ့ပြည့်လုပြည့်ခင်မှာ
ဟိုမှာလ ..လို့ ညွှန်ပြမယ့်သူထပ်ကြုံတယ်။ ။

ဂျစ်တူးတူးကိုယ်က
ကြယ်စဉ်တွေလို ပေါင်းရီစရာမရှိတော့....
မနက်ဖန် လပြည့်လေ...လို့ ဥာဏ်ကစားခဲ့တယ်။ ။

တကယ့်တကယ်တော့...
ကိုယ်က ကောင်းကင်နဲ့လုံးလုံးမသက်ဆိုင်သူပါ။

သူတို့နှစ်ယောက်ကတော့...
ကောင်းကင်ရဲ့တစ်စိတ်တစ်ဒေသစီကို လှမ်းညွှန်ပြနိုင်သူတွေ။
ကောင်းကင်နဲ့ ကိုယ့်ကို မိတ်ဖွဲ့ပေးသူတွေ။ ။

သွားမလာနဲ့လို့မောင်းထုတ်တတ်သူနဲ့
သူကသူ ကိုယ်ကကိုယ်ပဲလို့...စိတ်ဆိုးတတ်တဲ့သူ

နင်ငါ့ကိုပဲ နိုင်တာမလား လို့ ဆိုတတ်သူနဲ့
ခြင်္သေ့ဆိုတော့ နိုင်မှာပေါ့လို့ဆိုတတ်သူ

ကိုယ်စနောက်တိုင်း
မျက်နှာငယ်နဲ့ ငေးကြည့်တတ်သူနဲ့
ငိုဖို့ဝန်မလေးတတ်သူ

နေ့ချင်းတောင် မတူတဲ့ သူတို့ဆီမှာတူညီမှုတစ်ခုတော့ရှိတယ်။ ။

ကိုယ်စိတ်အချဉ်ပေါက်တိုင်း ဘေးနားရှိနေခဲ့တယ်။
ကိုယ်ပေတေနေတိုင်း.. စိတ်ပူပေးတတ်တယ်။ကိုယ်ပြုံးရီနေတိုင်း..ကိုယ့်အပြုံးကို စစ်ဆေးကြတယ်။
ကိုယ်ဖျားနာတဲ့အခါ...ဆေးတိုက်ရမယ့်နည်း သူတို့သိတယ်။

အရပ်ဒေသချင်းတောင်မတူတဲ့ သူတို့ဆီမှာ တူညီစွာလက်ခံမှုတစ်ခုရှိပြန်တယ်။ ။

မေတ္တာပေးကအေးချမ်းသတဲ့။ ။

တကယ့်တကယ်တော့...
ကိုယ်က မေတ္တာဆိုတဲ့စကားနဲ့လုံးလုံးမရင်းနှီးသူပါ။

သူတို့နှစ်ယောက်ကတော့...
မေတ္တာတရားရဲ့ နက်နဲမှုကိုရှင်းပြပေးသူတွေ။
မေတ္တာတရားနဲ့ မိတ်ဖွဲ့ပေးသူတွေ။ ။

တကယ့်တကယ်တော့...
ကိုယ်က သူတို့နှစ်ယောက်လုံးနဲ့ သက်ဆိုင်ခွင့်မရှိတဲ့သူသာ။ ။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဧည့်သည်ဆန်တဲ့ အပြုံးမျိုးနဲ့ သူရောက်လာခဲ့တာပါ။ ။

အိမ်ရှင်ဆန်ဖို့ ကြိုးစားရင်းနဲ့
ဧည့်ပြန်ချိန်ကို ငါ..လန့်လန့်လာတဲ့အခါ…
မရေမရာ ဆုတောင်းမိတယ်…
ဖြစ်လေရာဘ၀ ကျန်ခဲ့သူမဖြစ်ရလိုပါ။ ။

တစ်ယောက်တစ်အိပ်မက်ဆီနဲ့ ကြယ်ကြွေတုန်းဆုံမိကြတာနေမှာပါ…

သူ့ကို…ကိုယ့်အိပ်မက်တွေရွတ်ပြရင်းနဲ့
အတိတ်ကရုန်းထွက်ဖို့မောပမ်းနေတဲ့အခါ
အသေအချာ စဉ်းစားမိတယ်…
ဘယ်သူ့ဘယ်သူကိုမှ…နာကျင်စေလိုသူ..ကိုယ်မဖြစ်ရလိုပါ။ ။


ဝေးဝေးပြေးစေချင်ပါမှ ရောက်ရောက်လာတဲ့သတိရခြင်းတွေပါ..

ခံစားချက်ဆိုတာ ဖုံးလေပေါ်လေနဲ့
ကိုယ့်ကို ကိုယ်နှိပ်စက်လွန်းမက နှိပ်စက်မိတဲ့အခါ
အဖြေတစ်ခုထုတ်မိတယ်….
မပိုင်ဆိုင်ခင်က ရှုံးရင်တောင်…. သူ့ကိုပျော်ရွှင်စေချင်တာပါ။ ။


ချုပ်နှောင်ထားပါမှ ရုန်းကန်နေတဲ့သံယောဇဉ်တွေပါ…

နောက်ပြန်လှည့်ဖို့ကြိုးစားရင်းနဲ့
ကိုယ့်ကိုကိုယ်နဲ့ သူ့ကိုပါ မေ့ဖျောက်ပြစ်ချင်မိတဲ့အခါ
(ကိုယ့်ကိုကိုယ် အရူးလို့ သတ်မှတ်မိရင်း)
ကိုယ့်ကို ကိုယ်နားလည်မိတယ်…
ကိုယ်ရှုံးရင်တောင်... အနိုင်အပြုံးနဲ့ သူ့ကိုကျေနပ်စေချင်တာပါ။ ။

အဖြေကြိုရထားတဲ့ အမေးပု စ္ဆာတစ်ပုဒ်ပါ…

လူ့စည်း ဘီလူးစည်းဆိုတာ သိသိကြီးနဲ့
ခြေချမိလို့ နာကျင်ရတဲ့အခါ….
ပူးတွဲတရားခံဖြစ်နေရတဲ့ သူ့ကိုငဲ့ကြည့်မိတော့…
သူလဲ ကိုယ့်ဝဋ်ကြွေးမကင်းဘူးလားရယ်လို့တွေးမိတဲ့အခါ
(ကိုယ့်ကိုကိုယ် မုန်းမုန်းလာမိရင်း)
သူ့ကို ကိုယ်နားလည်မိတယ်…
ကိုယ့်ကိုယ်ကိုမုန်းရင်တောင်…သူ့ကိုပြုံးမြဲပြုံးစေချင်ယုံလေးပါ။ ။

စုသဲဖြူ



ဆက်ဖတ်ချင်ရင်...

လှုပ်လေမြုပ်လေ
အဲ့ဒီ့မနက်ဖန်ကို
ဘယ်သူသယ်ဆောင်လာခဲ့တာလဲ။ ။


အတွေးတွေရဲ့ အုပ်မိုးမှုနဲ့
ဂယက်ထနေတဲ့ စိတ်ကို
ဘယ်သူ လက်တို့လိုက်ပြန်တာလဲ။ ။

တစ်ခါတစ်လေ....
မလိုချင်တာကို ငြင်းခွင့်ရှိမယ်
လိုချင်တာကို ပြောခွင့်ရှိမယ်
လက်ခံသင့်တာကို နားလည်ခဲ့မယ်ဆိုလျှင်...
မနက်ဖန်ဆိုတာအတွက် တွေးပူနေစရာမလိုလောက်ပါဘူး။ ။

ပေသီးကျကျ တွက်ဆထားတဲ့
နေ့တွေတောင် လွဲချော်တတ်သေးတာ
ဘယ်သူ့ဘယ်သူကိုမှ အပြစ်ပုံမချကြေး
ငါတို့ ....မှားယွင်းလိုက်ကြရအောင်။ ။

အကုန်မြန်တဲ့ အချိန်တွေကိုလျစ်လျူရှု
အသိဥာဏ်တွေ အနှုတ်လက္ခဏာမပြရင်တော်ပြီဆိုပြီး
ဖြတ်သန်းလာခဲ့တာ......
ခံစားချက်ဆိုတဲ့စိတ်ကိုတော့ ဆုံးရှုံးခဲ့ရ။ ။

တွေ့ဆုံခြင်းအစကိုက
ခွဲခွာခြင်းခရီးဆုံးကို ခရီးနှင်နေတာ..
ငါတို့.....စိတ်မှာဖျောက်ဖျက်ထားကြ။ ။

ဘယ်လိုအာသီတတွေနဲ့ လူဖြစ်ခဲ့တယ်မရှင်းလင်းပဲ
င့ါရင်မှာ အလွမ်းတွေချည်း ယိုဖိတ်နေတဲ့အခါ....

မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့လောကဓံ
တစ်စုံတစ်ရာကိုဆုံးရှုံးပြီးမှ တစ်စုံတစ်ရာကိုပြန်ရတဲ့တွယ်တာမှု
ဖုံးဖိသိုဝှက်ထားပါမှ ထထဖောက်ချင်တဲ့ ခံစားချက်......
ဘာတစ်ခုနဲ့မှ အဆင်မပြေချင်တော့တဲ့...ငါ

င့ါကိုငါ ပြန်ရှာဖွေရတာကိုက နထ္ထိဆန်လွန်းနေခဲ့။ ။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

နှစ်ချို့ဝိုင်တွေပါမေမေ..
ဘုရားမကြိုက် မေမေမကြိုက်မို့
သွန်မှောက်ပြစ်လိုက်တယ်။ ။

မေမေ မသင်ကြားခဲ့တဲ့ ဘာသာရပ်တွေပါမေမေ..
လူတစ်ဦးနဲ့တစ်ဦး ညစ်ပတ်ခြင်းတွေ
ယုတ်မာခြင်းတွေ
ကွက်ကျော်ရိုက်ခြင်းတွေက
ဘ၀ဆိုတာ ကျီးအာသီးလိုပဲလားလို့ တွေဝေစေတယ် မေမေ။ ။

မေမေ ပြောပြောနေကျ
ရိုးသားခြင်းပုံပြင်တွေက
ကလေးဘ၀ အိပ်ပျော်ရုံပဲ နားထောင်ကောင်းခဲ့တာမျိုးလား.....
ရှာဖွေနေမိတဲ့ အမှန်တရားတွေအောက်
စိတ်ဓာတ်တွေ ပြားပြားမှောက်နေတယ် မေမေ။ ။

မေတ္တာတရားဆိုတာ
လိုချင်သူကိုမှ ကန္တာရဖြစ်စေတဲ့
မိုးနဲရပ်ဝန်းမျိုးလား...
ကိုယ့်အတွက်မှ လွဲခြော်သွားရတဲ့ ကံတရားတွေအောက်
ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ မေမေ။ ။

လူတိုင်းကိုယ့်စံနဲ့ကိုယ်တော့
ကောင်းကြသူတွေချည်းပဲ မေမေ...
အဆင်မပြေလို့ အပြစ်မြင်လာရင်သာ
ဂရုဏမထား ရန်ဖွဲ့လာတဲ့အခါ
ငါပဲမှန်တယ်ဆိုတဲ့ အတ္တဆွဲနဲ့
ခင်မင်မှုတွေ ပျက်ပြားကုန်တယ် မေမေ။ ။

တစ်ယောက်ကိုတစ်ယောက် ကြင်နာခြင်းဘာသာရပ်ကို
ဘယ်အရပ်မှာ ရှာဖွေဖတ်ရပါ့မလဲ မေမေ....
စိတ်ဓာတ်တွေကြမ်းတမ်းလာတာကို
ဘယ်လိုမေတ္တာစကားမျိုးနဲ့ ချွန်းအုပ်ရပါ့မလဲ မေမေ...
အမူအရာတွေရိုင်းစိုင်း ဘယ်သူ့မှကောင်းတဲ့သူလို့မထင်တော့တာကို
ဘယ်လိုနွေးထွေးမှုနဲ့ ပြုပြင်ရပါ့မလဲ မေမေ။ ။

ဘယ်သူတွေပြောတဲ့ မှန်ကန်ခြင်းတွေလဲ မေမေ....
မုန်းလျှက်က ချစ်ဟန်ဆောင်ရမယ်တဲ့။
ချစ်လျှက်က မုန်းဟန်ဆောင်ရမတဲ့။ ။

မနေတတ်လို့ကူညီရခြင်းတွေထဲမှာ အခွင့်အရေးယူသူတွေလဲ ရှိတယ်။ ။
မယုံကြည်တော့လို့ လှည့်မကြည့်မိတဲ့သူတွေထဲမှာ
ကိုယ့်အပေါ် တစ်ကယ်ကြင်နာတဲ့သူတွေလဲရှိတယ်။ ။
လွမ်းလိုက်တာလို့ပြောပြီး..
လုပ်ချင်ရာလုပ်နေသူတွေလဲရှိတယ်။ ။
မျက်နှာသစ်တယ်ပြောပြီး
မျက်နှာ အဟောင်းကြီးနဲ့ပဲ
အတင်းအနားကပ်လာကြတယ် မေမေ။ ။

အမှန်တရားဆိုတာကြီးကို..
မေမေအော်သလိုသာ..
(လုပ်ချင်ရာတွေလုပ်နေရမှနော်)…လို့အော်ရင်း
ခပ်ထေ့ထေ့ ပြုံးပြလိုက်ချင်တော့တယ်။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...