Powered By

Free XML Skins for Blogger

Powered by Blogger

တစ်ချိန်က...
ကြယ်တစ်ပွင့်ချင်းစီရဲ့ ရှင်းတမ်းမှာ
ဘယ်ဟာ ခုနှစ်စင်ကြယ်ပါလို့
သူက စိတ်မရှည်လက်မရှည် ရှင်းပြဖူးတယ်။ ။


ညစ်တူးတူး ကိုယ်က
ကြယ်စဉ်တိုင်းပေါင်းရေ
ခုနှစ်စင်းမကကြောင်း.... ဥာဏ်များခဲ့ဖူးတယ်။ ။

သိပ်မကြာခင်က.....
လတစ်စင်းရဲ့ပြည့်လုပြည့်ခင်မှာ
ဟိုမှာလ ..လို့ ညွှန်ပြမယ့်သူထပ်ကြုံတယ်။ ။

ဂျစ်တူးတူးကိုယ်က
ကြယ်စဉ်တွေလို ပေါင်းရီစရာမရှိတော့....
မနက်ဖန် လပြည့်လေ...လို့ ဥာဏ်ကစားခဲ့တယ်။ ။

တကယ့်တကယ်တော့...
ကိုယ်က ကောင်းကင်နဲ့လုံးလုံးမသက်ဆိုင်သူပါ။

သူတို့နှစ်ယောက်ကတော့...
ကောင်းကင်ရဲ့တစ်စိတ်တစ်ဒေသစီကို လှမ်းညွှန်ပြနိုင်သူတွေ။
ကောင်းကင်နဲ့ ကိုယ့်ကို မိတ်ဖွဲ့ပေးသူတွေ။ ။

သွားမလာနဲ့လို့မောင်းထုတ်တတ်သူနဲ့
သူကသူ ကိုယ်ကကိုယ်ပဲလို့...စိတ်ဆိုးတတ်တဲ့သူ

နင်ငါ့ကိုပဲ နိုင်တာမလား လို့ ဆိုတတ်သူနဲ့
ခြင်္သေ့ဆိုတော့ နိုင်မှာပေါ့လို့ဆိုတတ်သူ

ကိုယ်စနောက်တိုင်း
မျက်နှာငယ်နဲ့ ငေးကြည့်တတ်သူနဲ့
ငိုဖို့ဝန်မလေးတတ်သူ

နေ့ချင်းတောင် မတူတဲ့ သူတို့ဆီမှာတူညီမှုတစ်ခုတော့ရှိတယ်။ ။

ကိုယ်စိတ်အချဉ်ပေါက်တိုင်း ဘေးနားရှိနေခဲ့တယ်။
ကိုယ်ပေတေနေတိုင်း.. စိတ်ပူပေးတတ်တယ်။ကိုယ်ပြုံးရီနေတိုင်း..ကိုယ့်အပြုံးကို စစ်ဆေးကြတယ်။
ကိုယ်ဖျားနာတဲ့အခါ...ဆေးတိုက်ရမယ့်နည်း သူတို့သိတယ်။

အရပ်ဒေသချင်းတောင်မတူတဲ့ သူတို့ဆီမှာ တူညီစွာလက်ခံမှုတစ်ခုရှိပြန်တယ်။ ။

မေတ္တာပေးကအေးချမ်းသတဲ့။ ။

တကယ့်တကယ်တော့...
ကိုယ်က မေတ္တာဆိုတဲ့စကားနဲ့လုံးလုံးမရင်းနှီးသူပါ။

သူတို့နှစ်ယောက်ကတော့...
မေတ္တာတရားရဲ့ နက်နဲမှုကိုရှင်းပြပေးသူတွေ။
မေတ္တာတရားနဲ့ မိတ်ဖွဲ့ပေးသူတွေ။ ။

တကယ့်တကယ်တော့...
ကိုယ်က သူတို့နှစ်ယောက်လုံးနဲ့ သက်ဆိုင်ခွင့်မရှိတဲ့သူသာ။ ။


စုသဲဖြူ

1 comments:

မဒမ်ကိုး said...

သက်ဆိုင်တယ်ဟေးး
တို့ကတော့သက်ဆိုင်တယ်
ဒါပဲ
....း)

မဒိုးကန်