Powered By

Free XML Skins for Blogger

Powered by Blogger

အမှန်တစ်ကယ်လိုအပ်ချက်မရှိဘဲ
အမှန်တစ်ကယ်လိုအပ်ချက်မရှိဘဲ
ရယူလိုမှု သက်သက်နဲ့
လူ့တန်ဖိုးကို မြှင့်ချီ နှိမ့်ချီ ဆော့ကစား။ ။

ပွဲစားဆန်တဲ့ စကားခေါက်သံတွေနဲ့
အသိအမြင်တွေ စုံလုံးကန်းနေရင်တောင်
ခေါင်းပါးတဲ့ ကိုယ်ကျင့်တရားကိုထုံးသုတ် မွမ်းမံ။ ။

ဝေဒနာ တံခါးပေါက်က
လက်ယက် ခေါ်သံတွေ.......
အူမ မတောင့်လို့ သီလမစောင့်နိုင်ပုံနဲ့
“အော် ဘုရား၊ ဘုရား”တ
သူစားမယ့် ဆန်တစ်စိတ်ကျိတ်၍လဲ လှူဟန်မမြင်။ ။

အယုံလွဲ ခံယူချက်တွေနဲ့
အရေပြား တစ်တောင့် ၀တ်ရုံတွေခြုံ
“သူတော်မှ ငါကောင်းမဟဲ့” သံပြိုင်ရွတ်ရင်း
ပါတီတွေ အပြိုင်အဆိုင်ပေး..
မိဘမဲ့ကျောင်းက ဆုတောင်းသံတွေရဲ့အဝေး။ ။

သူထူမှ ကိုယ်ထနိုင်ဖို့အရေး
ဦးနှောက်တွေလဲ ဖောက်စားခံရ။
သိက္ခာတွေလဲ ချနင်းခံရ။
ရေပေါ်ဆီ လူ့တစ်သိုက်ရဲ့
အသပြာကျောမှာ မှောက်ယှက်လဲရင်း...
မနက်ဖန်လာမယ့် ဒုက္ခတွေလဲ ရင်စီးခံရုံ။ ။

ရွာကျောင်းက ကျောင်းခေါင်းလောင်းသံကို
တီးခေါက်နေတာ ..
ဘုန်းတော်ကြီး ကိုယ်တိုင်လို့ ဘယ်သူသိပါသလဲ။ ။

အာသာပြင်းပြင်း ၀မ်းတွင်းအပူအတွက်
အဖေမသိ အမေမရှိ ငိုချင်စိတ်တွေနထ္ထိ။
ဆုတောင်းသံတွေနဲ့သာ ထမင်းတွေကျိတ်ဝါး
သူတို့ခံစားချက်ကို ဘယ်သူသိပါလဲ။ ။

ကိုယ့်လူ ကိုယ့်ဖက်မပါဘဲ
ကိုယ်တစ်ယောက်တည်း တိုက်တဲ့တိုက်ပွဲ
ဘယ်လောက်ထိချက်နာသလဲ ဘယ်သူသိပါသလဲ။ ။

ကိုယ့်ရှိမှ ကိုယ်စား
သူ့ရှိတော့ မြှောက်ပင့်သယ်သွား
လူ့စိတ်သဘောကိုက ပုပ်သိုး
ဆေးရည်စိမ်ဖို့ မမှီနိုင်တော့သကိုး။ ။

အော်.....ငါလည်းလေ
လူသားပေမို့
သူတို့နှင့်နှိုင်း မရိုင်းချင်ခဲ့။ ။

စုသဲဖြူ



0 comments: