ဖူးချိန်မှာဖူး
ပွင့်ချိန်မှာပွင့်
ညှိုးနွမ်းကြွေလွင့်ချိန်ရောက်တော့လဲ
ခပ်ရဲရဲပဲ ကြွေကာကျခဲ့။
ချူယူသူလဲရှိ
ကောက်ယူသူလဲရှိ
ညှိုးနွမ်းကြွေလွင့်ချိန်ကျတော့
လှည့်ကြည့်သူမရှိ။
ပန်း၏သစ္စာရယ်
သင်က လူတွေရဲ့အလိုကို
မြေပေါ်ခတဲ့အထိလိုက်လျောခဲ့သပေါ့။
စုသဲဖြူ
Don't Look Back
-
လျှောက်ခဲ့တဲ့ လမ်းတွေပေါ်...
အမှားတွေနဲ့ မှောက်ကျ...
အနာဂတ်တွေ ခဏခဏပျောက်ရှပေမယ့်...
ငါဟာ အမြဲ မှန်ချင်ခဲ့သူသာ...
တကယ်တော့...
ငါ လုပ်ခဲ့သမျှ အမှာ...
8 years ago
1 comments:
မြေပေါ်ကြွေကျ မြေခရပေမယ့်...
သစ္စာရှင်ပန်း ညှိုးနွမ်းရင်တောင်...
ကဗျာတစ်ကုံး ရေးထုံးဖွဲ့နိုင်တာပဲလေ...
ကဗျာအရေးကောင်းတဲ့ စုသဲရေ... လာဖတ်သွားပါတယ်နော်...
Post a Comment