အိမ်ပြန်ချိန်ကပဲ နောက်ကျနေတာလား
နေ၀င်ချိန်ကပဲ စောလွန်းနေတာလား....
နဖူးပေါ်လက်တင်
နွမ်းလျတဲ့ အတွေးနဲ့တင်
လွမ်းတဲ့စိတ်လဲ မောပမ်းလို့ချိနဲ့ချိန်။ ။
မယုံကြည်ဘူး မပြောစမ်းပါနဲ့။
မင်းကရောလို့ မမေးရက်လို့ပါ။ ။
ဒို့ အဖြစ်က ရိုမီယိုနဲ့ဂျူးလိယက်လိုလဲ
အသက်ကိုမစတေးရဲခဲ့ဘူး။
ရှင်မွေ့လွန်း၊မင်းနန္ဒာလိုလဲ
ချစ်သူရှိတဲ့အရပ် အရောက်မသွားနိုင်ခဲ့ဘူး။
ကိန္နရီ၊ကိန္နရာလိုလဲ
ငိုပွဲဖွဲ့ဖို့ အချိန်အားမရှိခဲ့ဘူး။ ။
ဒို့ အချစ်က ပုံပြင်လဲမဟုတ်
ဝထ္တုလဲမဟုတ်
ကိုယ်တွေ့မှတ်တမ်း တစ်ပုဒ်ရယ်မို့....
အိပ်ရာဝင် ပုံပြင်လဲဖြစ်မလာနိုင်ဘူး။
Bestseller ၀ထ္တုတစ်ပုဒ်လိုလဲ ရောင်းတန်းမ၀င်ခဲ့ဘူး။ ။
ဒို့တွေကတော့ “အချစ်”ဆိုတဲ့ခေါင်းစဉ်အောက်
မိန့်မိန့်ကြီးရပ်လို့.......
အချိန်တွေလဲဖဲ့မပေးနိုင်
နားလည်ခြင်းတွေလဲ ညီမျှခြင်းထိုးလို့မရ
တစ်ယောက်တစ်နေရာစီ ရပ်တည်အခြေချ။
မာနတွေကိုသာ လက်နက်လို ကိုယ်စီချွန်လို့...
တစ်ယောက်ရင်ကို တစ်ယောက်ထိုးထိုးဆွ။ ။
အချစ်က ခါးတစ်လှည့် ချိုတစ်လှည့်
ငိုတစ်လှည့် ရီတစ်လှည့်
ဘ၀က သတ်မှတ်ချက်နဲ့ ယုံကြည်ရာဒွန်တွဲ
မှောက်မှားတဲ့စိတ်နဲ့ ခဏချင်း သတိဝင်လန့်နိုး...
ကြာတော့လဲ ခံစားချက်တွေက သွေးပျက်။
အချစ်က မနူးမညံ့နဲ့မို့..
မနေ့ကလဲ တစ်ယောက်ထဲ
ဒီနေ့လဲ တစ်ယောက်ထဲ
နောက်နေ့လဲ...............
အိမ်ပြန်ချိန်ကပဲ နောက်ကျနေတာလား
နေ၀င်ချိန်ကပဲ စောလွန်းနေတာလား....
အထီးကျန်ခြင်းကပဲ ခါးသက်နေတာလား........
ဘယ်လိုပင်ဖြစ်ပါစေတော့
အိပ်ချိန်တွေလွန်မြောက်ပါမှ
မနက်ရောက်နိုင်မယ် မဟုတ်ပါလား။ ။
စုသဲဖြူ
Don't Look Back
-
လျှောက်ခဲ့တဲ့ လမ်းတွေပေါ်...
အမှားတွေနဲ့ မှောက်ကျ...
အနာဂတ်တွေ ခဏခဏပျောက်ရှပေမယ့်...
ငါဟာ အမြဲ မှန်ချင်ခဲ့သူသာ...
တကယ်တော့...
ငါ လုပ်ခဲ့သမျှ အမှာ...
8 years ago
2 comments:
ကဗျာလေးကောင်းတယ် စုသဲဖြူ ရေ.....
စုသဲဖြူ ရေးတဲ့ ကဗျာလေးတွေ အမြဲလို
လာဖတ်ဖြစ်ပါတယ်...။comment မပေးဖြစ်
ခဲ့ပေမယ့်ပေါ့......။နောက်ထပ် ကဗျာ ကောင်း
လေးတွေ အများကြီးရေးနိုင်ပါစေနော်.......
ကဗျာလေးကို အရမ်းကြိုက်တယ်... စုသဲရေ...
အားပေးလျှက်ပါနော်...
Post a Comment