“မမြင်ဖူး မူးကိုမြစ်ထင်”တဲ့
ငါလည်း ခုချိန်အထိ
မူးကိုမြစ်ထင်..
သိက္ခာကိုစာလုံးပေါင်းမှား။
မင်းနဲ့င့ါကြား
အချစ်ဆိုတာသုံးလို့မရတဲ့အသွင်..
သိက္ခာဆိုတာ လူ့အသက်လို့ထင်။
စုသဲဖြူ
Don't Look Back
-
လျှောက်ခဲ့တဲ့ လမ်းတွေပေါ်...
အမှားတွေနဲ့ မှောက်ကျ...
အနာဂတ်တွေ ခဏခဏပျောက်ရှပေမယ့်...
ငါဟာ အမြဲ မှန်ချင်ခဲ့သူသာ...
တကယ်တော့...
ငါ လုပ်ခဲ့သမျှ အမှာ...
8 years ago
4 comments:
မြင်ဖူးရင်ရော....
မူးကိုဘာထင်မလဲ....?
တွေးရင်း...တွေးရင်း....
လာဖတ်သွားတယ် စုသဲဖြူ.....
မူးကို မြစ်ပဲထင်ထင်
မူးကို မူးစေ့ပဲမှတ်မှတ်..
ကျွန်မက မူးမြစ်ကိုလဲ မမြင်ဖူးပါ။
မူးစေ့ကိုလဲ ကိုင်တွယ်မသုံးခဲ့ဖူးပါ။
မူးကိုမြစ်ထင်တယ်ဆိုတဲ့စကားကိုတော့ အင်မတန်ကြိုက်ပါတယ်။
ဘာလို့လဲ ဆိုရင် မြစ်တွေကကွေ့ကောက်သလို
လူတွေကလဲ ကွေ့ကောက်တတ်တာ ..
အဲ့ဒါလေးပါထည့်တွေးပေးပါ။ ။
ကျွန်မကလဲကွေးနေအောင်ကောက်တတ်တဲ့ အင်္ဂါသမီးပါ။ ။
ပြိုင်မျဉ်း ၂ ကြောင်းက တစ်နေရာရာမှာ
ဆုံကြမယ်ဆိုရင်တောင် ........?
ဒီလိုပါပဲ စုသဲဖြူ နဲ့ ကျွန်တော် အတွေးမတူခဲ့မိတာ
ကျွန်တော်ကဗျာဖတ် ညံ့သေးလို့ပဲ နေမှာပါ.....။
ဘာရယ်မရည်ရွယ်ပဲ ကဗျာကို ကဗျာလိုဖတ်မိပြီး...
စိတ်ထဲပေါ်လာတဲ့ တွေးမိတာလေးကို comment ပေးခဲ့
တာသတ်သတ်ပါပဲ...။ကျွန်တော်ကဗျာတွေဖတ်ရင်း
တွေဝေနေအောင် တွေးခဲ့မိလို့လေ....။
ကဗျာလေးကောင်းတယ် စုသဲဖြူ.....
အချစ်ဆိုတာ အဲဒီလို နောင်တတ၇ားနဲ့ ခံးစားဘိုမှမဟုတ်တာနော်.......ဟုတ်တယ်ဟုတ်....
Post a Comment