လမင်းအငိုတိတ်ဖို့
ကြယ်စဉ်တွေ ပုခက်လွှဲတဲ့ည..
သောကမြူခိုးတွေ ဖွေးဖွေးလွှလွှကျလို့..
ကိုယ်ကိုယ်တိုင်အငိုတိတ်ဖို့
ကြိုးစားပြုံးရီခဲ့ရတဲ့အချိန်
ပဲ့ကြွေပြီးသားခံစားချက်တွေ ပြီးပြီးပျောက်ပျောက်ထားဖို့..
ခံစားချက်က စိတ်ရဲ့သက်သေဖြစ်ပါစေ
ငိုကြွေးခြင်းက ရင်နာခြင်းသက်သေဖြစ်ပါစေ
ငါက အပြုံးမပျက်ငိုမယ့်သူမျိုးမို့
ရီလွန်းလို့ မျက်ရည်ကျတယ်လို့ပဲ နင်သိပါစေတော့။
မြင်နေလျှက် ခေါ်ခွင့်မရှိတဲ့ဘဝ
ကြားနေလျှက် ကြားခွင့်မရှိတော့တဲ့အခြေအနေနဲ့
ပြောင်းချင်လျှက် ပြောင်းခွင့်မရှိတဲ့ဇာတ်မှာ
ငါက ခပ်မိုက်မိုက်ပဲ ဗီလိန်လုပ်
ရင်နာလျှက် ရက်စက်ခဲ့ရတဲ့ပွဲမှာ
ဆွေးမြေ့တဲ့အသည်းတစ်ခြမ်း ငါရင်းခဲ့ရလို့..
နင်...ကျိတ်တော့ချီးကျူးမနေပါနဲ့တော့။
ခပ်ဆွေးဆွေးဗီလိန်သမားမို့
မလန်းဆန်းတဲ့အတိတ်ကိုရှောင်ပုန်းဖို့
ကိုယ်ကိုယ်တိုင်မြေမြှုပ်ထားခဲ့ရတဲ့ ဖြူစင်ခြင်းဇာပနကို
သနားသဖြင့်တော့..
ခရေတစ်ပွင့်လဲ လာမကမ်းလိုက်ပါနဲ့
နှင်းဆီတစ်ပွင့်နဲ့လဲ တုတ်နှောင်မထားလိုက်ပါနဲ့
ငါ့ရဲ့ဖြူစင်ခြင်း ၀ိဥာဉ်လေး
လွတ်ရာလွတ်လမ်းသွားပါစေတော့။
တုတ်နှောင်သူမရှိပါဘဲ
လွတ်လပ်ခွင့်မရရှာတဲ့
ငါ့ရင်ခုန်သံအတွက်တော့
ငိုချင်တယ်....လွမ်းလို့။
စုသဲဖြူ
1 comments:
ကဗျာလေး လာခံစားသွားတယ်... စုရေ...
k2 လည်း ငိုချင်တယ်... လွမ်းလို့... :P
Post a Comment