Powered By

Free XML Skins for Blogger

Powered by Blogger

ကြယ်တွေကြွေဖို့
ဒီကောင်းကင်မှာ
ကြယ်တွေပျောက်နေတယ် ကို....

ဆုတွေတောင်းဖို့
ဒီမျှော်လင့်ချက်မှာ
ကွက်လပ်တွေများတယ် ကို.....

ပန်းခြွေဖို့
လွမ်းနေတဲ့ ရင်ခွင်မှာ
လှမ်းနေတဲ့ လက်တစ်စုံက နွမ်းနေတယ် ကို..

မတွေ့ရှောင်ပုန်း
မေ့နိုးနိုးနဲ့
မျက်စေ့ကိုဖွင့် လွမ်းစိတ်က၀င်
မျက်စေ့ကိုပိတ် ကြေကွဲစိတ်က၀င်
သက်ပြင်းတွေသာ အဖတ်တင်။ ။

တမင်ရည်စူး
မုန်းဖို့လဲ မရွယ်
မေ့ဖို့လဲ မပြင်
ချစ်ရိပ် ချစ်နွယ်..
ချစ်မိုးတွေသာ သည်း.. သည်းလိုက်စေချင်။ ။

စိတ်ကူး နဲ့ ကျိတ်ရူးနေ
အတိတ်ကံတန်ခိုးနဲ့
ခွဲရမယ့်ဟန်ပြင်တော့
ငိုချင်းရှည် မပီသ..
အချစ်.. အချစ်ဆိုတာ...
ငို.. ရီ.. ရွှင်မြူး နေခဲ့ရ ခဏတာသာ။ ။

တွဲခိုလာတဲ့မျက်ရည်..
မပီပြင်တော့တဲ့အပြုံး..
ဘယ်သူ့ကိုပုံချရမယ်မှန်းမသိတဲ့ အပြစ်တစ်ခုနဲ့
ကိုယ့်ရင်ဘတ်ကိုကိုယ် ဆုပ်ဖြဲလိုက်ရတာကိုက
အချစ်”တဲ့လား ကို။ ။

စုသဲဖြူ

0 comments: